ဗီယက်နမ်နိုင်ငံဟနွိုင်းသို့ ပထမ ၁၁ လအတွင်း ခရီးသွား ၃၁ သန်းနီးပါး လာရောက်လည်ပတ်
နိုဝင်ဘာ ၂၇
ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်သို့ ယခုနှစ်ပထမ ၁၁ လအတွင်း ခရီးသွား ၃၀ ဒသမ ၉၄ သန်း လာရောက်လည်ပတ်ခဲ့ရာ နှစ်စဉ် ခရီးသွားလာရောက်လည်ပတ်မှု၏ ၉၉ ဒသမ ၈ ရာခိုင်နှုန်းသို့ရောက်ရှိပြီး ၂၀၁၉ ခုနှစ်က ခရီးသွားစံချိန်တင်လာရောက်မှုထက်ကျော်လွန်သွားကြောင်း ဒေသတွင်းမီဒီယာ VnExpress က ယနေ့တွင် ဖော်ပြထားသည်။
ပြည်တွင်းခရီးသွား ၁ ဒသမ ၆၅ သန်းနှင့် နိုင်ငံတကာခရီးသွား ၈၅၁၀၀၀ အပါအဝင် နိုဝင်ဘာလတစ်လအတွင်းမှာပင် ခရီးသွား ၂ ဒသမ ၅ သန်းခန့် စံချိန်တင်လာရောက်လည်ပတ်မှုရှိသည်ဟု မြို့တော်၏ခရီးသွားလုပ်ငန်းဌာန၏ ပြောကြားချက်အရ သိရသည်။
ဇန်နဝါရီလမှနိုဝင်ဘာလအတွင်း ခရီးသွားလုပ်ငန်းမှ ဗီယက်နမ်ဒေါင် ၁၂၀ ဒသမ ၆ ထရီလီယံ( အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ) ဝင်ငွေရရှိခဲ့ရာ ယခင်နှစ်ကထက် ၂၁ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments