ဘာရိန်းနှင့် ကာတာနိုင်ငံကြား ပထမဆုံးအကြိမ် ခရီးသည်တင်ရေကြောင်းလမ်း ဖွင့်လှစ်
မာနာမာ နိုဝင်ဘာ
၇
ဘာရိန်းနိုင်ငံ
ခါလီဖာဘင် ဆယ်မန်ဆိပ်ကမ်းနှင့် ကာတာနိုင်ငံ အယ်လ်ရူဝေ့စ် ဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးထားသည့်
ပထမဆုံး ခရီးသည်တင်ရေကြောင်းလမ်းကို ဘာရိန်းနှင့် ကာတာနိုင်ငံတို့ နိုဝင်ဘာ ၆ ရက်တွင်
ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြောင်းဖယ်ရီ
ဝန်ဆောင်မှုသည် မိနစ် ၇၀ ကြာမြင့်မည်ဖြစ်ပြီး နှစ်နိုင်ငံကြား အမြန်ဆုံး ခရီးသွားလာနိုင်မည်ဖြစ်သည်ဟု
ဘာရိန်းအမျိုးသား ဆက်သွယ်ရေးစင်တာက ထုတ်ပြန်ကြေညာသည်။
နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး
အခြေခံအဆောက်အအုံများကို မြှင့်တင်ရန်၊ နိုင်ငံသားများ သွားလာရေး လွယ်ကူချောမွေ့စေရန်၊
ခရီးသွားလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက်
မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုအဖြစ် ဘာရိန်းနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး
ရှိတ်အဗ္ဗဒူလာ ဘင်အာမက် အယ်ခါ လစ်ဖာက ပြောသည်။
ဆင်ဟွာ

No comments