ကယ်လီဖိုးနီးယားဆယ်ကျော်သက်တစ်ဦးမိမိကိုယ်ကိုသတ်သေမှုအတွက် ChatGPT တွင်တာဝန်ရှိကြောင်း စွပ်စွဲချက်များကို OpenAI ငြင်းဆို
နိုဝင်ဘာ ၂၈
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ
အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦး မိမိကိုယ်ကိုသတ်သေမှုအတွက် ChatGPT သည်
အပြစ်တင်ခံရသည်ဟူသော စွပ်စွဲချက်များကို OpenAI က ပယ်ချခဲ့ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါဆယ်ကျော်သက်၏ မိဘများက
ChatGPT သည် ၎င်းတို့၏သားအား အသက်ကိုမြန်မြန်အဆုံးသတ်ရန် အဆင့်ဆင့်လမ်းညွှန်စာအုပ်ကိုပေးခဲ့ပြီး
၎င်း၏မိမိကိုယ်ကိုသတ်သေမှုမှတ်တမ်း ပထမမူကြမ်းကိုရေးသားရန် ကမ်းလှမ်းခဲ့သည်ဟုဆိုကာ
OpenAI နှင့် ၎င်း၏ CEO Sam Altman ကို သြဂုတ်လက တရားစွဲဆိုခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်က တရားရုံးတင်သွင်းခဲ့သောအမှုတွင်
ChatGPT သည် ထိုဆယ်ကျော်သက်အား မိမိကိုယ်ကိုသတ်သေရန်သင်ကြားပေးခဲ့သည်ဟု စွပ်စွဲသည့်တရားစွဲဆိုမှုကို
ဉာဏ်ရည်တုကုမ္ပဏီက ခုခံကာကွယ်ခဲ့သည်ဟု သိရသည်။
Bloomberg က တရားရုံးတွင်တင်သွင်းခဲ့သော
စာရွက်စာတမ်းတွင် OpenAI သည် ထိုကျောင်းသား၏သေဆုံးမှုကို ကြေကွဲဖွယ်ဖြစ်ရပ်ဟု ခေါ်ဆိုခဲ့သော်လည်း
၎င်း၏ chat history ကို အပြည့်အစုံဖတ်ရှုခြင်းက သူ၏သေဆုံးမှုသည် ထိတ်လန့်စရာကောင်းသော်လည်း
ChatGPT ကြောင့် မဟုတ်ကြောင်း ပြသသည်ဟု ဆိုသည်။
OpenAI ကလည်း ChatGPT သည်
ဆယ်ကျော်သက်အား အကျပ်အတည်းအရင်းအမြစ်များနှင့် ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များ ထံမှ
အကူအညီတောင်းခံရန် အကြိမ် ၁၀၀ ကျော် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
အခြားပူဆွေးသောကရောက်နေသောမိသားစုများသည်
အမေရိကန်ပြည်ထောင်စုတွင် အလားတူတရားစွဲဆိုမှုများ တင်သွင်းခဲ့ကြပြီး AI chatbot များနှင့်
အပြန်အလှန်ဆက်သွယ်မှုသည် ၎င်းတို့၏ကလေးများ မိမိကိုယ်ကိုသတ်သေမှုဖြစ်စေနိုင်သည်ဟု ငြင်းခုံခဲ့ကြကြောင်း
ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments