Polytechnic University (မြိတ်) ဘွဲ့ကြို(ပထမနှစ်) သင်တန်းတက်ရောက်မည့် မောင်မယ်သစ်လွင်များအား လှိုက်လှဲနွေးထွေးစွာကြိုဆို
မြိတ် နိုဝင်ဘာ ၂၅
Polytechnic University (မြိတ်) တွင်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) သင်တန်း တက်ရောက်ကြမည့် မောင်မယ်သစ်လွင်များနှင့်
သင်တန်းများ အားလုံးကို ယမန်နေ့တွင် စတင်ဖွင့်လှစ်ပြီး သင်ကြားသင်ယူမှုများ စတင်ဆောင်ရွက်လျက်ရှိသည်။
သင်ကြားသင်ယူမှုများ စတင်
Faculty of Engineering တွင် ကျောင်းသား
ကျောင်းသူ ၄၁၀ နှင့် Faculty of Computing တွင် ကျောင်းသား ကျောင်းသူ ၃၄၂ ဦး တို့အား
ဒုတိယပါမောက္ခချုပ်၊ သင်တန်းရေးရာဌာနမှူးနှင့် ဆရာ ဆရာမများက လှိုက်လှဲပျူငှာ နွေးထွေးစွာ
ကြိုဆိုခဲ့ကြပြီး ဆရာ ဆရာမများက ဦးဆောင်၍ သင်ကြားသင်ယူမှုများ စတင်ဆောင်ရွက်သည်။
သင်ကြားသင်ယူမှုများ စတင်ချိန်တွင်
မောင်မယ်သစ်လွင်များနှင့် သင်တန်းများအားလုံးရှိ ကျောင်းသား ကျောင်းသူများကို သင်တန်းရေးရာဌာနမှူးက
ကျောင်းစည်းကမ်းများ၊ အဆောင်စည်းကမ်းများ၊ သင်ကြားရေးဆိုင်ရာစည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ
ဝတ်စား ဆင်ယင်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)

No comments