မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာ၀န်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



ပြင်ဦးလွင် ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်း စစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အဖွဲ့၊ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့၊ ပြင်ဦးလွင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့၊ ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည် တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူပြုစုနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.