ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ
၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော ပါတီစုံ
ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနေမှုကို လာရောက်လေ့လာခဲ့သည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ
ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ
မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr.
Iskander Azizov နှင့်
ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်
ဒုတိယဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင်
ရွေးကောက်ပွဲကျင်းပခဲ့မှုကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့်အတူ
လေ့လာခဲ့ရမှုနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လွတ်လပ်တက်ကြွစွာဖြင့် ဆန္ဒမဲများပေးနေမှုကို
မျက်မြင်တွေ့ရှိခဲ့ရမှု အခြေအနေများ၊ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့်
ကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည့်
အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့်မြို့နယ်များအား အပိုင်းလိုက်
ဆက်လက် ကျင်းပသွားမည့်အခြေအနေများ၊
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အခြေအနေများ၊
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ကာကွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊
ပညာရေးကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် လွှတ်တော်ချင်း
ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်
ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာအမြင်ချင်း
ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့သည်
အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ
စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments