ဗီယက်နမ်မြောက်ပိုင်းရှိ တောင်ကြားလမ်း မြေပြိုမှုကြောင့် သုံးဦးသေဆုံး



ဒီဇင်ဘာ ၁၅

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဖူသို ပြည်နယ် တောင်ကြားလးတစ်ခု၌ ယမန်နေ့ မွန်းလွဲပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ သုံးဦး ထက်မနည်းသေဆုံးကြောင်း ဒေသခံနေ့စဉ်သတင်းစာ VnExpress က ဖော်ပြခဲ့သည်။

သဘာဝဘေးအန္တရာယ်နှင့် ဆည်မြောင်းစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သေဆုံးသူများတွင် လမ်းအမှတ်အသားများကို ဆေးသုတ်နေသော လမ်းလုပ်သားနှစ်ဦးနှင့် ထိုဒေသကိုဖြတ်သွားသော မော်တော်ဆိုင်ကယ်စီးသူတစ်ဦးတို့ပါဝင်သည်ဟု သိရသည်။

အဝေးပြေးလမ်းမကြီး၏ အထက်ရှိ တောင်စောင်းမှ မြေဆီလွှာနှင့် ကျောက်တုံးကြီးများ ရုတ်တရက် လျှောကျလာချိန် ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် မော်တော်ဆိုင်ကယ်များ အပါအဝင် ယာဉ်အများအပြားသည် ထိုဒေသကို ဖြတ်သန်းသွားလာနေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း ယင်းဒေသတွင်မိုးအနည်းငယ်ရွာသွန်းခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.