မင်္ဂလာဒုံမြို့နယ်၌ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

 


ရန်ကုန် ဒီဇင်ဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရွေးကောက်ပွဲလှုံ့ဆော်ရေး “ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်၊ ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းကျော်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များကို ထောက်ကြန့်ဈေးနှင့် မင်္ဂလာဈေးတို့၌ ဈေးရောင်း/ ဈေးဝယ်ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း

No comments

Powered by Blogger.