အိန္ဒိယနိုင်ငံ၌ အိမ်သုံးဆိုလာလျှပ်စစ်တပ်ဆင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ချေးငွေပေးအပ်



မနီလာ    ဒီဇင်ဘာ   

အိန္ဒိယနိုင်ငံရှိ အိမ်ထောင်စုများအား အိမ်သုံးဆိုလာ လျှပ်စစ်တပ်ဆင်ရေးအတွက် အာရှဖွံ့ဖြိုးရေး ဘဏ်က ချေးငွေ ကန်ဒေါ်လာ   သန်း ၆၅၀   ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

၂၀၂၇ ခုနှစ်တွင် အိမ်ထောင်စု ၁၀ သန်းအထိ ဆိုလာစွမ်းအင်အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်သည်။

ယခုအစီအမံသည် အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့်  PMSGMBY ဟု အမည်ရသည့် နိုင်ငံ တစ်ဝန်းရှိ အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်လွှမ်းခြုံရေးအစီအမံကို ကူညီဆောင်ရွက်ခြင်းဖြစ် သည်။ ယခုအစီအမံအရ အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်တပ်ဆင်ရေးအတွက် ဆောင်ရွက်မည် ဖြစ်ပြီး ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ အိမ်ထောင်စုများအား သင့်တော်သည့် အတိုး နှုန်းဖြင့် ဆိုလာတပ်ဆင်နိုင်ရေး  ချေးငွေပေးမည်ဖြစ်သည်။  ယခုအစီအမံသည်   နိုင်ငံတစ်ဝန်းရှိ အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်ပမာဏ ၃၀ ဂျီဂါဝပ် ထုတ်လွှတ်နိုင်ရေးရည်မှန်းချက်ကို ကူညီပေးမည်ဖြစ်ကာ တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂၈ ဒသမ ၈ သန်းကို လျှော့ချစေ မည်ဖြစ်ပြီး  အိမ်ထောင်စုများကို  ဆိုလာလျှပ်စစ်သုံးစွဲခွင့်ရရှိစေမည်ဖြစ်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.