ကျောက်တံတားမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာများစိုက်ထူ

 


ရန်ကုန် ဒီဇင်ဘာ ၄

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက် ပိုစတာများစိုက်ထူခြင်းနှင့် Vinyl ပိုစတာများ ချိတ်ဆွဲခြင်းများကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောက်တံတားမြို့နယ်အတွင်းရှိ ပြည်သူများနှင့်ခရီးသွားပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးပြီး လူစည်ကားရာ နေရာများဖြစ်သည့် ဆူးလေရင်ပြင်နှင့် ဈေး၊ နေပြည်တော် ရုပ်ရှင်ရုံ၊ ရှေ့ဆောင်ရုပ်ရှင်ရုံ၊ ဆာကူရာတာဝါ၊ မဟာဗန္ဓုလလမ်းရှိ ဧရာဝတီဘဏ်၊ 1 Stop Mart၊ သွင်ရုပ်ရှင်ရုံ၊ ဆိပ်ကမ်းသာ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ 1 Stop Mart ၊ မဟာဗန္ဓုလလမ်းနှင့် လမ်း ၄၀ ရှိ စိန်ဂေဟာဈေးဝယ် စင်တာတို့တွင် “ဒို့အတူတူမဲပေးစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စာတန်းပါ ပိုစတာများချိတ်ဆွဲခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့တော်ခန်းမရှေ့၌ မြေစိုက်ပိုစတာစိုက်ထူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.