ဗီယက်နမ်နိုင်ငံဟနွိုင်းသို့ယခုနှစ်အတွင်းနိုင်ငံတကာခရီးသွားလာရောက်လည်ပတ်သူ၇ဒသမ၈၂သန်းကျော်ရှိမည် ဟုခန့်မှန်း
ဒီဇင်ဘာ ၁၈
ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းသည် ရေရှည်နေထိုင်ပြီး ပိုမိုသုံးစွဲသော နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်ရန် ဦးစားပေးသွားမည်ဟု ဟနွိုင်းမြို့ ခရီးသွားလုပ်ငန်းဌာန ဒုတိယညွှန်ကြားရေးမှူး၏ ယမန်နေ့ကပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းဌာနက ဖော်ပြထားသည်။
မြို့တော်၏ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ခရီးသွားလုပ်ငန်းထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားမည်ဖြစ်ပြီး ဒေသခံများ၏ ခိုင်မာမှုရှိပြီးမြင့်မားသော စီးပွားရေးတန်ဖိုးများ ပြည့်နှက်နေသော အမှတ်တရပစ္စည်းများ ဖန်တီးမှုကို လေ့လာသွားမည်ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ်တွင် ဟနွိုင်းမြို့တော်သို့ နိုင်ငံတကာခရီးသွား လာရောက်လည်ပတ်သူ ၇ ဒသမ ၈၂ သန်းကျော် ရှိမည်ဟု ခန့်မှန်းရပြီး ယခင်နှစ်ကနိုင်ငံခြားခရီးသွားလာရောက်မှုထက် ၂၂ ဒသမ ၇၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဒေသတွင်း နေ့စဉ်သတင်းစာ Dau Tu က ဖော်ပြခဲ့သည်။
ဟနွိုင်းမြို့တော်သို့ ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား လာရောက်လည်ပတ်သူ ၈ ဒသမ ၆ သန်းကျော်ကို ဆွဲဆောင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments