ပြင်ဦးလွင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပ
ပြင်ဦးလွင် ဒီဇင်ဘာ ၂
လူငယ်ကဏ္ဍကို မြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တန်ခူးခင် ကိုယ်ပိုင်အထက်တန်းကျောင်း တွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝက်ဝံအခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း ကျင်းပသည်။
ဦးစွာ တန်ခူးခင်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်တူတူ၀င်းနှင့် ဝက်ဝံအခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမကြီးတို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ခဲ့ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)

No comments