နီပေါနိုင်ငံမှ ဆင်နှစ်ကောင် ကာတာနိုင်ငံသို့ လက်ဆောင်ပေးအပ်



ဒီဇင်ဘာ ၁၈

နီပေါနိုင်ငံသည် ကာတာနိုင်ငံသို့ ယမန်နေ့က ဆင်နှစ်ကောင် လက်ဆောင်ပေးအပ်ခဲ့ပြီး နီပေါနိုင်ငံ လုမ္ဗိနီပြည်နယ်ရှိ ဂေါတမဗုဒ္ဓအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကာတာအစိုးရက ဆင်တွေကို ပို့ဆောင်ပေးရန် စင်းလုံးငှားလေယာဉ် စေလွှတ်ခဲ့ကြောင်း ဆင်ထီးနှင့် ဆင်မများ မွေးဖွားကြီးပြင်းခဲ့သည့် ချစ်ဝမ်အမျိုးသားဥယျာဉ်မှ သတင်းအချက်အလက်အရာရှိ အဘီနက်ရှ် သာပါ မာဂါက ပြောကြားခဲ့သည်။

ထိုဆင်နှစ်ကောင်နှင့်အတူ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးနှင့် ဆင်ထိန်းနှစ်ဦးတို့ လိုက်ပါပြီး ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ဆင်စောင့်ရှောက်မည့်သူအား တစ်လကြာ သင်ကြားပေးမည်ဖြစ်ကြောင်း မာဂါက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.