ဗီယက်နမ်၏ ရော်ဘာတင်ပို့မှု ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်း
ဒီဇင်ဘာ ၁၆
ဗီယက်နမ်၏ ရော်ဘာလုပ်ငန်း
ပို့ကုန်ဝင်ငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရောက်ရှိရန် မျှော်လင့်ထားကြောင်း
ဒေသတွင်း နေ့စဉ်သတင်းစာ VnEconomy က ဗီယက်နမ်ရော်ဘာအသင်း (VRA) ၏ပြောကြားချက်ကို ကိုးကား၍
ဖော်ပြထားသည်။
ပြုပြင်ထားသော ရော်ဘာထုတ်ကုန်များ
တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ရော်ဘာသစ်တင်ပို့မှု
အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် ရှိပြီး သဘာဝရော်ဘာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ
၃ ဒသမ ၂ ဘီလီယံကျော် ရှိသည်ဟု သိရသည်။
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ
အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံနီးပါးတန်ဖိုးရှိသော သဘာဝရော်ဘာတန်ချိန် ၁ ဒသမ ၇ သန်းခန့်
တင်ပို့ခဲ့ကြောင်း VRA ၏ ပြောကြားချက်အရ သိရသည်။
အာရှ-ပစိဖိတ်ဒေသရှိ ရောင်းအားကွင်းဆက်များဆက်လက်ပြောင်းလဲနေခြင်းနှင့်
လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များအရ အခွန်လျှော့ချခြင်းတို့အပြင် အရှေ့အလယ်ပိုင်း၊
အိန္ဒိယနှင့် အာဖရိကတို့တွင် ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ရော်ဘာလုပ်ငန်းသည်
၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ကာလအတွင်း ပိုမိုတိုးတက်လာမည်ဟု အသင်းအဖွဲ့က ခန့်မှန်းထားကြောင်း
မှတ်ချက်ပြုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments