ကျိုက်လတ်မြို့၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

 


ကျိုက်လတ် ဒီဇင်ဘာ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ နွေစပါး စိုက်ပျိုးရာသီ ကြဲခင်းစနစ် ပပျောက်ရေး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းဆိပ်ကျေးရွာရှိ တောင်သူ ဦးကျော်ကျော်၏ ကွင်းအမှတ် (၉၉B)၊ ဦးပိုင်အမှတ် (၁၉/၁) ဧရိယာ ၁၀ ဧကတွင် ပြုလုပ်သည်။

 

မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုကြည့်ရှု

ရှေးဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များနှင့်အတူ ၂၀၂၅ - ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ကြဲခင်းစနစ် ပပျောက်ရေးအတွက် ရက်-၉၀ စပါးမျိုးအား မျိုးစေ့ချ ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးအားပေးသည်။

 

ဆက်လက်၍ ကွင်းအမှတ် (၉၉B) ဦးပိုင်အမှတ် (၂၈/၁) ဧရိယာ ကိုးဧကရှိ တောင်သူ ဦးအောင်မြင့်ဦး၏ လယ်မြေတွင် မျိုးစေ့ချ စိုက်ပျိုးထားသော အောင်နိုင်တိုး စပါးစိုက်ခင်းများကို ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဩဇာနှင့်သဘာဝ မြေဩဇာရောစပ်ကြဲပက်နေမှုကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)

No comments

Powered by Blogger.