အာရှနိုင်ငံ လေးနိုင်ငံတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးမှုများအတွက် ကုလသမဂ္ဂ အကြီးအကဲ ဝမ်းနည်းကြောင်း ပြောကြား
ဒီဇင်ဘာ ၃
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
အန်တိုနီယို ဂူတာရက်စ်က သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင်
ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် အသက်ဆုံးရှုံးမှုများအတွက်
အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် နိုင်ငံလေးနိုင်ငံလုံးရှိ
အာဏာပိုင်များနှင့် အနီးကပ် ဆက်သွယ်လျက်ရှိပြီး ကယ်ဆယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများက
ကူညီပံ့ပိုးရန်အသင့်ရှိနေကြောင်းနှင့် ကုလသမဂ္ဂနိုင်ငံအဖွဲ့များသည်
လိုအပ်သော အကူအညီများပေးရန် အစိုးရများ၏ စီမံခန့်ခွဲခွင့်တွင် ရှိနေကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက
ပြောကြားသည်။
အဆိုပါနိုင်ငံလေးနိုင်ငံတွင်
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ ၁၀၀၀ ကျော် သေဆုံးပြီး အများအပြား ပျောက်ဆုံးလျက်ရှိကာ
သန်းပေါင်းများစွာ ထိခိုက်ခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ
ပြည်နယ်သုံးခုတွင် မကြာသေးမီက ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည်
၇၁၂ ဦးအထိ မြင့်တက်လာပြီး ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် သီရိလင်္ကာနိုင်ငံသား
၄၀၀ ကျော် သေဆုံးကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


No comments