မွန်ဂိုးလီးယားနိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ရှစ်သိန်းကျော် လာရောက်လည်ပတ်မှုရှိ
ဒီဇင်ဘာ ၄
မွန်ဂိုလီးယားနိုင်ငံသို့
ယခုနှစ်အစပိုင်းမှစတင်ကာ နိုင်ငံခြားခရီးသွား ၈၁၀၃၈၉ ဦး လာရောက်လည်ပတ်မှုရှိရာ ခရီးသွားဝင်ရောက်မှုအရေအတွက် အမြင့်မားဆုံးဖြစ်ကြောင်း
ခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ယနေ့တွင် ထုတ်ပြန်သောတရားဝင်အချက်အလက်များအရ သိရသည်။
ထိုကာလအတွင်း တရုတ်နိုင်ငံမှခရီးသွားများ
မွန်ဂိုးလီးယားသို့ဝင်ရောက်မှုသည် နိုင်ငံခြားခရီးသွားများဝင်ရောက်မှု၏ ဦးဆောင်မှုအရင်းမြစ်အဖြစ်
ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် မွန်ဂိုးလီးယား၏
စီးပွားရေးသည် သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ် အများဆုံးမှီခိုနေရပြီး ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှုအခြေအနေတွင်
နိုင်ငံ၏စီးပွားရေးကို ကွဲပြားစေရန်နှင့် ခရီးသွားလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို
မြှင့်တင်ရန်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဦးစားပေးများအနက် တစ်ခုအဖြစ် သတ်မှတ်ထားသည်။
မွန်ဂိုးလီးယားအစိုးရသည်
နိုင်ငံအတွင်း လေးရာသီခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက်
"မွန်ဂိုးလီးယားသို့လာရောက်လည်ပတ်သည့်နှစ်များ" ခရီးသွားလုပ်ငန်းအစီအစဉ်ကို
၂၀၂၈ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစား၊
ခရီးသွားလုပ်ငန်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments