မက္ကဆီကိုရေတပ်လေယာဉ်တစ်စင်း တက္ကဆက်ကမ်းရိုးတန်းတွင် ပျက်ကျမှုကြောင့် ငါးဦးသေဆုံး
ဒီဇင်ဘာ ၂၃
မက္ကဆီကိုရေတပ်လေယာဉ်တစ်စင်းသည် တက္ကဆက်ကမ်းရိုးတန်းရှိ Galveston အနီးတွင် ဆေးဘက်ဆိုင်ရာလွှဲပြောင်းရေးမစ်ရှင်တစ်ခု တာဝန်ထမ်းဆောင်နေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ ငါး ဦးသေဆုံးခဲ့ကြောင်း မက္ကဆီကိုရေတပ်အတွင်းရေးမှူးရုံး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါလေယာဉ်ပေါ်တွင် လူရှစ်ဦးပါဝင်ပြီး ၎င်းတို့အနက် ငါး ဦးသေဆုံးကာ နှစ် ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အတွင်းရေးမှူးရုံးက ပြောကြားခဲ့ပြီး ကျန်တစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထိုလေယာဉ်သည် မက္ကဆီကိုဖောင်ဒေးရှင်းတစ်ခုနှင့်ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဘက်ဆိုင်ရာလွှဲပြောင်းရေးမစ်ရှင်တစ်ခုလုပ်ဆောင်ရာတွင် ဆင်းသက်ရန် Galveston သို့ ချဉ်းကပ်လာစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျရခြင်း၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် အဆုံးအဖြတ်ပေးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အတွင်းရေးမှူးရုံးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments