လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်း၊ တစ်ဧကအထွက်နှုန်း ၁၁၅ ဒသမ ၇၀ တင်းထွက်ရှိ

 


လှိုင်းဘွဲ ဒီဇင်ဘာ ၄

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်း လမ်းအလိုက် စံကွက်များရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဒိုင်းပြကုန်းကျေးရွာ တောင်သူဒေါ်နှင်းမှုံ၏ လယ်မြေရှိ မိုးစပါး (အောင်နိုင်တိုး)ကို စံကွက်ရိတ်သိမ်းခဲ့ကြသည်။

 

ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုပေါင်း၍ စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း ၁၁၅ ဒသမ ၇၀ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.