ပူတာအိုမြို့နယ်၌ တတိယအကြိမ်အတည်ပြုပြီးမဲစာရင်းများ ကပ်ထားကြေညာမှု ကြည့်ရှုစစ်ဆေး

 



ပူတာအို ဒီဇင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ် တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ညနေပိုင်းတွင် ပူတာအိုမြို့ လေယာဉ်ကွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တတိယအကြိမ် အတည်ပြုပြီး မဲစာရင်းများ ကပ်ထားကြေညာမှုနှင့် ဒေသခံပြည်သူများ မဲစာရင်း လာရောက်ကြည့်ရှုနေမှုကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် ပူတာအိုမြို့ လုံးစွတ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပူးပေါင်း၍ ဒီဇင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်းများကို စိစစ်ပြီး အတည်ပြုမဲစာရင်း ကြေညာထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.