၂၀၂၆ ခုနှစ် အစ္စရေး၏ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇ ဘီလီယံခန့် လျှော့ချသတ်မှတ်
ဂျေရုဆလင် ဒီဇင်ဘာ ၇
၂၀၂၆ ခုနှစ်အတွက် အစ္စရေး၏
ကာကွယ်ရေးအသုံးစရိတ်ကို ရှာကယ်လ် ၁၁၂ ဘီလီယံ
(အမေ ရိကန်ဒေါ်လာ ၃၄ ဒသမ ၇ ဘီလီယံ) ခန့် လျှော့ချသတ်မှတ်ကြောင်း ဘဏ္ဍာရေးနှင့် ကာကွယ်ရေး
ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်
ရှာကယ်လ် ၁၁၇ ဒသမ ၅ ဘီလီယံနှင့် ယခုနှစ်ကာကွယ်ရေးအသုံးစရိတ် ၁၃၅ ဒသမ ၇ ဘီလီယံတို့ထက်
လျော့နည်းသွား ကြောင်း သိရသည်။ အစ္စရေးသည်
ဘက်ပေါင်းစုံမှ စစ်မျက်နှာပြင်ဖွင့်နေသည့်
ယခုအချိန်တွင် ကာကွယ်ရေးအသုံးစရိတ် လျှော့ချခဲ့ခြင်းဖြစ်သည်။
ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး အောက်တိုဘာ ၁၀ ရက်က စတင်အသက်ဝင်ပြီးနောက်
လာမည့်နှစ်အတွက် အရန်တပ်သားစုဆောင်းမှု သိသိသာသာ ကျဆင်းသွားခြင်းကြောင့် ကာကွယ် ရေးအသုံးစရိတ်ကိုလည်း လျှော့ချခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနများက
ပြောသည်။
သို့သော် ၂၀၂၆ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည်
ဂါဇာစစ်ပွဲမတိုင်မီကာလ ၂၀၂၃ ခုနှစ် ကာကွယ် ရေးအသုံးစရိတ်ထက် ရှာကယ်လ် ၄၇ ဘီလီယံပိုများကြောင်း
သိရသည်။ ၂၀၂၆ ခုနှစ် နိုင်ငံတော် ဘတ်ဂျက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါလီမန်၏ သဘောတူညီချက်အရ
ကာကွယ်ရေး အသုံးစရိတ် သတ်မှတ်မှုကို ဝန်ကြီးဌာနနှစ်ခုကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက် သဘောတူညီခဲ့ခြင်း
ဖြစ်သည်။
ကာကွယ်ရေးအသုံးစရိတ်သည် လာမည့်နှစ်တွင်
အစိုးရအား အခွန်တိုးမြှင့်ခြင်းမှ ရှောင်ရှားနိုင် စေပြီး နိုင်ငံတော်ဘတ်ဂျက်အတွင်း
အခွန်သက်သာခွင့်အတွက် အခွင့်အလမ်းများပင် ဖန်တီးပေးနိုင် ကြောင်း အဆိုပါဝန်ကြီးဌာနများက
မှတ်ချက်ပြုပြောကြားသည်။
ရှာကယ်လ် ၇၂၅ သန်းဝန်းကျင်ရှိသော
သီးခြားသုံးနှစ်ဘတ်ဂျက်အစီအစဉ်ကိုလည်း ၎င်းတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ
လုံခြုံရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ခရီးသွားလာမှု ကာကွယ်ရေးအစီအမံများ၊ လမ်းသစ်ဖောက်လုပ်ရေး၊
စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ဂျော်ဒန်နိုင်ငံ အရှေ့ဘက်နယ်စပ်တစ်လျှောက်ရှိ စီမံကိန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

No comments