ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး
မြောင်းမြမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ
ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေသာလျောင်းဘုရားကြီး
တန်ဆောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ
ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား
ပျက်စီး၊ ပျောက်ဆုံး သွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ
ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး
ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ဝန်ထမ်းများက ဒေသခံပြည်သူများအား
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ဥပဒေနှင့်အညီ
စိစစ်ကာ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊
နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက် ထုတ်ပေးနေမှုကို
လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် One
Stop Service ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့်
Unique ID ကတ်ပြားများကို သက်ဆိုင်ရာကာယကံရှင် တစ်ဦးချင်းထံ ပေးအပ်ပြီး ဝန်ထမ်းများအတွက်
စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
မြောင်းမြမြို့ မြကန်သာရပ်ကွက်ရှိ မေတ္တာမွန် ဘိုးဘွားရိပ်သာ၌ ရိပ်သာမှတာဝန်ရှိသူများ၊
အဘိုးအဘွားများနှင့် တွေ့ဆုံပြီး အဘိုးအဘွားများ အနေဖြင့် မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင်
မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပါရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့်
မဲစာရင်းတွင် အမည်စာရင်းပျောက်ဆုံး၊ ပျက်စီးပါက မိတ္တူလျှောက်ထားရယူ ကိုင်ဆောင်နိုင်ရေး၊
လူတစ်ဦးချင်း၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုနှင့်
အဘိုးအဘွားများ UID နံပါတ် ထုတ်ပေးနိုင်ရေး အခြေအနေ၊ အဘိုးအဘွားများ၏ နေထိုင် စားသောက်မှုနှင့်
ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုမေးမြန်းကာ
အဘိုးအဘွား တစ်ဦးချင်းထံ အလှူငွေနှင့် စားသောက်ဖွယ်ရာများ၊ ရိပ်သာအတွက် ဆိုလာမီးများနှင့်
စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံ၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ
အနေဖြင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် မဲပေးနိုင်ရေး အခြေအနေ၊ နိုင်ငံသားစိစစ်ရေး
ကတ်ပြားကိုင်ဆောင် မဲပေးနိုင်ရေးနှင့် ပျောက်ဆုံး၊ ပျက်စီးမှုများအား သက်ဆိုင်ရာလဝကရုံးများသို့
ဆက်သွယ် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့်
ဆိုလာမီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments