၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ
ပဲခူး ဒီဇင်ဘာ ၂
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားပွဲများ
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊
တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊
သာယာဝတီနှင့် နတ်တလင်း
ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က
မြို့နယ်များအလိုက် ဒီဇင်ဘာလတစ်လလုံး စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲများ ဆောင်ရွက်ရာတွင်
နေ့ချင်းပြီးဆုပေးနိုင်သည့် အားကစားပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
ပြည်သူလူထုကိုလည်း ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်း၏
အကျိုးကျေးဇူးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး နှိုးဆော်အသိပေး သွားရမည်ဖြစ်ကြောင်းနှင့်
လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြည့်စုံကောင်းမွန်စေသည့်
စွယ်စုံရသည့် လေ့ကျင့်ခန်းတစ်ခု ဖြစ်သောကြောင့် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး အားလုံး
ပါဝင်နိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက
ဒီဇင်ဘာလအတွင်း စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပသွားမည့် လုပ်ငန်းစီမံချက်နှင့် ပဲခူး၊
တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီနှင့်
နတ်တလင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက်
ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ ကျင်းပဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ
တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments