အမေရိကန်နိုင်ငံ၌ သက်ကြီးရွယ်အိုဂေဟာတွင် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး



ဒီဇင်ဘာ ၂၄

အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိသက်ကြီးရွယ်အိုဂေဟာတစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ နှစ်ဦးထက်မနည်းသေဆုံးကာ ဒေသခံများ ပိတ်မိနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် ဓာတ်ငွေ့နှင့်ဆက်စပ်သည်ဟုယူဆရပြီး ပြည်နယ်၏ လူဦးရေအများဆုံးမြို့ဖြစ်သော ဖီလာဒဲလ်ဖီးယားမြို့ဆင်ခြေဖုံးရှိ Silver Lake ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ပြင်းထန်စွာ ပျက်စီးခဲ့သည်ဟု သိရသည်။

ထိုမီးလောင်မှုနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အဆောက်အအုံတွင် နှစ်ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုထားပြီး အခြားလူအများအပြားပျောက်ဆုံးနေဆဲဖြစ်ကြောင်း စီအင်န်အင်န်က ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံအသီးသီးသို့ ရွှေ့ပြောင်းပေးပြီးနောက် သေဆုံးသူစုစုပေါင်းအရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.