သီရိလင်္ကာနိုင်ငံ၌ မုန်တိုင်းဒဏ်သင့်သူ ၁ ဒသမ ၄ သန်းတွင် ကလေးသူငယ် ၂၇၅၀၀၀ ထက်မနည်း ပါဝင်ဟုဆို
ကိုလံဘို ဒီဇင်ဘာ
၂
သီရိလင်္ကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် ဘေးဒဏ်သင့်သူ ၁ ဒသမ ၄ သန်းတွင်
ကလေးသူငယ် ၂၇၅၀၀၀ ထက်မနည်း ပါဝင်ကြောင်း ယူနီဆက်ဖ်က ဒီဇင်ဘာ ၂ ရက်တွင်
ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံရှိ ယူနီဆက်ဖ်ကိုယ်စားလှယ် အမ်မာ ဘရစ်ဟမ် က ကလေးသူငယ်များမှာ
အကူ အညီများ အရေးတကြီး လိုအပ်နေကြောင်းနှင့် ဘေးဒဏ်အသင့်ဆုံး မိသားစုများထံ အကူအညီများ
ရောက်ရှိရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရကြောင်း ပြောသည်။
အခြေခံအဆောက်အအုံနှင့် အရေးပါသော ဝန်ဆောင်မှုအများအပြား ထိခိုက်ပျက်စီးမှုဖြစ်ပွား
ခဲ့သောကြောင့် လူပေါင်း ထောင်နှင့်ချီ ယာယီတိမ်းရှောင်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရ ကြောင်း၊ ကလေးငယ်များအကြား
ကူးစက်ရောဂါဖြစ်ပွားမှု၊ အာဟာရချို့တဲ့ဖြစ်ပွားမှုနှင့် စိတ်ခံစား မှုဆိုင်ရာ ဖိစီးမှုအန္တရာယ်များ တိုးလာစေကြောင်း ယူနီဆက်ဖ်က ပြောသည်။
၂၀၂၅ ကမ္ဘာ့ဘဏ်၏ အစီရင်ခံဖော်ပြချက်အရ သီရိလင်္ကာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမှာ
၂၀၁၉ ခုနှစ် နောက်ပိုင်း နှစ်ဆကျော်ရှိလာပြီး ၁၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၄ ဒသမ ၅ ရာခိုင်နှုန်းအထိ
မြင့်တက် လာကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ သေဆုံးသူပေါင်း ၄၀၀ ကျော်
လာပြီဖြစ်သည်။
ဆင်ဟွာ

No comments