စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

 


မင်းတုန်း ဒီဇင်ဘာ ၄

 

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မီးလောင်မှု အခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်နည်းများ၊ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းများ၊ မီးအတန်းအစားများနှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို ဟောပြောပို့ချသည်။ ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူးနှင့်အဖွဲ့က မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ပြသခြင်း၊ အဝတ်စိုအသုံးပြု၍ လက်တွေ့ငြှိမ်းသတ်ပြသခြင်းနှင့် မီးသတ်ယာဉ်ဖြင့် ရေပက်ဖျန်း ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)

No comments

Powered by Blogger.