ဂျပန်နိုင်ငံတွင် ဆောင်းရာသီစတင်ချိန်ဝက်ဝံတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားသဖြင့် လေးဦးဒဏ်ရာရ
ဒီဇင်ဘာ ၄
ဂျပန်နိုင်ငံတွင် နှင်းကျရာသီစတင်နေသော်လည်း
ဝက်ဝံတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် ယနေ့နံနက်ပိုင်းတွင် လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ဖော်ပြထားသည်။
ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ
တိုယာမာခရိုင်တွင် သတင်းစာပို့နေသည်ဟု သတင်းထွက်နေသော အသက် ၇၀ အရွယ် စုံတွဲတစ်တွဲ ယနေ့အစောပိုင်းတွင်
တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။
တိုယာမာမြို့တွင် မနက် ၂
နာရီ ၃၀ မိနစ်ခန့်က အဆိုပါဖြစ်ရပ်ကို မျက်မြင်သက်သေတစ်ဦးက သတင်းပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က
ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်နေစဉ် နှစ်ဦးစလုံးသတိရှိနေသည်ဟု
ရဲတပ်ဖွဲ့က ဆိုသည်။
ထိုတိုက်ခိုက်မှုဖြစ်ပွားရာနေရာအနီးတွင်
ဝက်ဝံမစင်များဟုထင်ရသည့်အရာကိုတွေ့ရှိခဲ့ကြောင်း မြို့တော် တာဝန်ရှိိသူများက ပြောကြားခဲ့သည်။
မြို့တော်ဝန်ထမ်းများနှင့်
ရဲအရာရှိများသည် ထိုဒေသတွင် ကင်းလှည့်လျက်ရှိကြောင်းနှင့် နိုင်ငံအလယ်ပိုင်းရှိ နာဂါနိုခရိုင်တွင်
ယနေ့နံနက်ပိုင်းက နိုဇာဝါအွန်ဆန်ရွာရှိ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ၎င်း၏နေအိမ်အနီးတွင်
နှင်းများကို ရှင်းလင်းနေစဉ် ဝက်ဝံတစ်ကောင် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြထားသည်။
ထိုအမျိုးသား၏ မျက်နှာနှင့်
ပေါင်တွင် ခြေသည်းဖြင့် ခြစ်ခံခဲ့ရကြောင်းနှင့် ၎င်းအား ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရာ
၎င်း၏အခြေအနေမှာ အသက်အန္တရာယ်မရှိကြောင်း သိရသည်။
ထိုဒေသတွင် အိမ်များနှင့်
တည်းခိုခန်းများစွာရှိပြီး နေ့ခင်းဘက်တွင် ယာဉ်အသွားအလာအချို့ရှိသည်ဟု သိရသည်။
ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သော
နောက်ထပ်ဖြစ်ရပ်တစ်ခုတွင် ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ ရှီမာနဲခရိုင် မာဆူဒါမြို့၏ တောင်တန်းဒေသတွင်
အသက် ၇၀ ကျော် အမျိုးသားတစ်ဦးအား ဝက်ဝံတစ်ကောင်က တိုက်ခိုက်ခဲ့သည်။
ရှီမာနဲခရိုင်တွင် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း
လူထိခိုက်ဒဏ်ရာရရှိစေသည့် ပထမဆုံးအကြိမ် ဝက်ဝံတိုက်ခိုက်မှုဖြစ်ကြောင်း ရှီမာနဲအရာရှိများက
ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments