ငြိမ်းချမ်းရေးထိန်းသိမ်းရန် အဓိကအချက်များကို ကွန်ဂိုသမ္မတ အလေးပေးပြော



ကင်ရှာဆာ   ဒီဇင်ဘာ 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ ဖီးလစ်ဇ်ရှီ ဆက်ကီဒီက ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံ အရှေ့ပိုင်းဒေသတွင် ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန်  အဓိကအချက်များကို   ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအချက်များတွင် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက်  လုံခြုံရေးအစီအမံများသာမက  ရေရှည် ရပ်ရွာပြန်လည်ထူထောင်ရေး အစီအမံများလည်း  လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အမျိုးသားညီလာခံနှင့် လွှတ်တော်မစတင်မီ မြို့တော်ကင်ရှာဆာတွင်ပြောကြားသော အမျိုးသား  မိန့်ခွန်းတွင်  အစိုးရ၏   အဓိကရည်ရွယ်ချက်မှာ ပွင့်လင်းမြင်သာစွာ လည်ပတ်လုပ်ကိုင်သည်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများမှတစ်ဆင့်  ဝင်ရောက်လုပ်ကိုင်သည်ဖြစ်စေ မည်သို့ဆိုစေ ကွန်ဂိုနယ်မြေမှ   “နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး အလုံးစုံ အပြီးအပိုင်ရုပ်သိမ်းရေး”   ဖြစ်ကြောင်း သမ္မတ ဖီးလစ်ဇ်ရှီဆက်ကီဒီက ပြောကြားခဲ့သည်။

ထိုသို့ နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့များ နိုင်ငံတွင်းမှ အပြီးတိုင်ထွက်ခွာခြင်းသည် နိုင်ငံတော် ၏အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက်ခြင်းနှင့်  တင်းမာမှုလျော့နည်းအောင်အခြေအနေ များဖန်တီးရာတွင်  မရှိမဖြစ်အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒုတိယအရေးကြီးဆုံးအချက်မှာ လက်နက်ကိုင် အကြမ်းဖက်မှုကိုဖြစ်ပေါ်စေသော ငွေကြေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များကို ဖျက်သိမ်းခြင်းဖြစ်ပြီး    အထူးသဖြင့်   ရွှေ၊   ဂေါ်ဒန်သတ္တု၊ ကိုဗော့သတ္တုနှင့် အခြားသော သဘာဝအရင်းအမြစ်များကို တရားမဝင်မှောင်ခိုကူးခြင်းနှင့်   အမြတ် ထုတ်ခြင်းများကို    ဖြတ်တောက်ရန်ဖြစ်သည်။    အဆိုပါဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက် ခြင်းသည် လက်နက်ကိုင်အဖွဲ့များ၏ စွမ်းဆောင်နိုင်ရည်ကို အားနည်းသွားစေရန်အတွက် အရေးကြီး သည့်    လုပ်ဆောင်ချက်ဖြစ်သည်ဟု    ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီမှစပြီး ဒေသတွင်းပြည်သူ    ဒသမ ၄ သန်း   နေရပ်စွန့်ခွာသွားကြကြောင်း၊ စုစုပေါင်း  ပြည်တွင်းနေရပ်စွန့်ခွာသူ ခြောက်သန်းအထိရှိလာပြီး  တစ်သန်းခန့်မှာ အိမ်နီးချင်းနိုင်ငံ များတွင် ခိုလှုံနေကြောင်းနှင့် ၂၇ သန်းမှာ ဆာလောင်ငတ်မွတ်နေကြောင်း  ကုလသမဂ္ဂသတင်း ထုတ်ပြန်ချက်အရ သိရသည်။                 

ဆင်ဟွာ

No comments

Powered by Blogger.