ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

 


ရေတာရှည် ဒီဇင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း သိပ္ပံခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ နံနက် ၉ နာရီတွင် ကျင်းပသည်။

 

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ် ရေးဖြေစစ်ဆေးမှုကို ကျောင်းကိုးကျောင်းရှိ G-9 မှ G-12 အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄ ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။

 

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်း ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)

No comments

Powered by Blogger.