ခရီးသွားအရေအတွက် မြင့်တက်လာစေရန်အတွက် ဂျပန်နိုင်ငံမှ ထွက်ခွာခွန်ကို သုံးဆတိုးမြှင့်ဖွယ်ရှိ
ဒီဇင်ဘာ ၉
ဂျပန်အစိုးရနှင့် အာဏာရညွန့်ပေါင်းအစိုးရတို့သည်
နိုင်ငံ၏ ထွက်ခွာခွန်ကို သုံးဆတိုးမြှင့်ရန် အစီအစဉ်များကို ဆွေးနွေးလျက်ရှိကြောင်း
အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြထားသည်။ ခရီးသွားလုပ်ငန်း
အလွန်အကျွံလည်ပတ်မှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများကိုဖြေရှင်းရန် အပိုဝင်ငွေကို အသုံးပြုနိုင်ကြောင်း
ဥပဒေပြုအမတ်များက ပြောကြားခဲ့သည်။
လေယာဉ်လက်မှတ်နှင့် အခြားလက်မှတ်ဈေးနှုန်းတွင်
လက်ရှိ ယန်း ၁၀၀၀ သို့မဟုတ် ဒေါ်လာ ၆ ဒေါ်လာထက်ပိုသော အခွန်ကို ထည့်သွင်းထားကြောင်းနှင့်
ဂျပန်နိုင်ငံသားများအပါအဝင် နိုင်ငံမှထွက်ခွာသော ခရီးသွားအားလုံးသည် အခကြေးငွေကို ပေးဆောင်ရမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။
၂၀၂၄ ဘဏ္ဍာရေးနှစ် မတ်လတွင်
ကုန်ဆုံးခဲ့သော နိုင်ငံတကာခရီးသွားခွန်သည် အစိုးရဘဏ္ဍာငွေအတွက် ယန်း ၅၂ ဘီလီယံ သို့မဟုတ်
ဒေါ်လာ ၃၃၀ သန်း ရရှိခဲ့ကြောင်းနှင့် မူဝါဒချမှတ်သူများက အခွန်ကို ယန်း ၃၀၀၀ အထိ တိုးမြှင့်ရန်
ရည်ရွယ်ထားကြောင်း သိရသည်။
ဆွေးနွေးမှုများတွင် ပြည်ပခရီးစဉ်များ
ပြုလုပ်သော နိုင်ငံသားများအပေါ် မြင့်မားသော ကောက်ခံမှုကို ကာမိစေရန် ဂျပန်နိုင်ငံသားများအတွက်
နိုင်ငံကူးလက်မှတ်ရယူခြင်း၏ ကုန်ကျစရိတ်ကို လျှော့ချရန် ပါဝင်ကြောင်း ဖော်ပြထားသည်။
နောက်နှစ် ဧပြီလတွင် စတင်မည့်
၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အခွန်ပြုပြင်ပြောင်းလဲရေးလမ်းညွှန်ချက်များတွင် အခွန်တိုးမြှင့်ရန်
အဆိုပြုချက်တစ်ခု ပါဝင်ဖွယ်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments