တောင်အာဖရိကနိုင်ငံ ဆိုဝီတိုမြို့တွင် အဆောက်အအုံပြိုကျမှုကြောင့် သုံးဦးသေဆုံး
ဒီဇင်ဘာ ၂၉
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ မြို့နယ်တစ်ခုဖြစ်သော ဆိုဝီတိုတွင် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါပြိုကျမှုဖြစ်ပွားချိန်တွင် လူခြောက်ဦးသည် အဆောက်အအုံအတွင်း၌ ရှိနေခဲ့ပြီး ၎င်းတို့အနက် သုံးဦးသည် အပျက်အစီးများအောက်ပိတ်မိနေခဲ့ပြီးနောက် အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အရွယ်ရောက်ပြီးဖြစ်သော အမျိုးသမီးနှစ်ဦးတို့သည် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။
ကျန်ရှိနေသူ သုံးဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့၏ အခြေအနေများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း ဂျိုဟန်နက်စ်ဘာ့ဂ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ဆောင်မှုက ပြောကြားချက်အရ သိရသည်။
အာဏာပိုင်များသည် ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments