အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိ
ဂျကာတာ နိုဝင်ဘာ
၃၀
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနောက်ပိုင်း၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှု ကြောင့်
သေဆုံးသူ ၃၀၀ ကျော်ရှိသည်ဟု သိရသည်။
နိုဝင်ဘာ ၂၉ ရက်အထိ သေဆုံးသူ
၃၀၃ ဦးခန့်ရှိပြီး ပျောက်ဆုံးနေသူ ၂၇၉ ဦးရှိကြောင်း အင်ဒို နီးရှားနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီက
ပြောသည်။ ဆူမားတြားကျွန်း၌ နိုဝင်ဘာ၂၅ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုများနှင့်မြေပြိုမှုများ
ဖြစ်ပေါ်ခဲ့သည်ဟု မိုးလေဝသအရာရှိများက ပြောသည်။
ကျွန်း၏ အစိတ်အပိုင်းအတော်များများတွင် တစ်ရက်အတွင်း မိုးရေချိန်
၃၀၀ မီလီမီတာကျော် စံချိန်တင်ခဲ့သည်ဟု မိုးလေဝသအရာရှိများက
ပြောသည်။
ဆူမားတြားကျွန်း၌ နိုဝင်ဘာ
၂၈ ရက်က လူနေဧရိယာများ ရွှံ့နွံများဖုံးလွှမ်းနေပြီး အာဏာ
ပိုင်များက ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း၊ မြစ်ရေကြီးမှုနှင့်
မြေပြို မှုများအတွက် သတိထားနေကြရန် ဆူမားတြားကျွန်းရှိ ဒေသခံများအား မိုးလေဝသအရာရှိများက သတိပေးထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
အာရှတိုက်ရှိ အခြားသောနိုင်ငံများတွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း၊ နိုဝင်ဘာလနှောင်းပိုင်းမှ
စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ တွင် ၁၆၂ ဦးသေဆုံးပြီး
သီရိလင်္ကာနိုင်ငံ၌ ၁၅၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments