(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ကွင်း ဖွင့်ပွဲကျင်းပ

 


တံတားဦး ဒီဇင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့ ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပသည်။

 

ကွင်းဖွင့်ပွဲ အခမ်းအနားတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းအား အားကစားသမားများက အလေးပြုကြပြီး စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားအဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကအမှာစကားပြောကြားသည်။ ထို့နောက် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအဖြစ် ပညာရေးအသင်းနှင့် ကျန်းမာရေးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကွင်းအတွင်း ဘောလုံးကန်၍ ဖွင့်လှစ်ပေးသည်။ 

 

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပေါင်းစုံ ခုနစ်မျိုး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.