ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျသွားသဖြင့် ၁၇ ဦး သေဆုံး



ဒီဇင်ဘာ ၁၅

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း Antioquia ဒေသတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျသွားပြီးနောက် လူ ၁၇ ဦး ထက်မနည်းသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါဘတ်စ်ကားသည် လေ့လာရေးခရီးမှ ပြန်လာသော ကျောင်းသားအုပ်စုတစ်စုကို တင်ဆောင်ကာ ကာရစ်ဘီယံဒေသရှိ ခရီးသွားမြို့ တိုလူမှ ထွက်ခွာလာခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။ အကြောင်းရင်းကို မသိရှိိရသေးသော မတော်တဆမှုသည် အရှေ့မြောက်ပိုင်း Antioquia ဒေသရှိ Remedios မြို့နယ်တွင် ဖြစ်ပွားခဲ့ဖြစ်သည်ဟု ဒေသအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

Sucre ပင်လယ်ကမ်းခြေများတွင် ဘွဲ့နှင်းသဘင် ကျင်းပပြီးနောက် ဘယ်လို မြို့နယ်သို့ ပြန်လာသော ကျောင်းသားများ ပါဝင်သော ဘတ်စ်ကားမတော်တဆမှုတွင် လူ ၁၇ ဦး သေဆုံးမှုအတွက် Antioquia ဒေသတစ်ခုလုံး ဝမ်းနည်းကြေကွဲပါကြောင်း လူမှုကွန်ရက်အိတ်ချ်တွင် ၎င်းကပြောကြားခဲ့သည်။

ထိုမတော်တဆမှုတွင် ဒဏ်ရာရရှိသူ သုံးဦးသည် အခြေအနေစိုးရိမ်ရသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.