လာအိုနိုင်ငံတွင် ယခုနှစ် ၁၁ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၇၈၂ ဦး သေဆုံး



ဒီဇင်ဘာ ၂၉

လာအိုနိုင်ငံတွင် ယခုနှစ်  ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယာဉ်မတော်တဆမှု စုစုပေါင်း ၅၇၄၀ မှု စံချိန်တင်ဖြစ်ပွားခဲ့ရာ ၇၈၂ ဦး သေဆုံးပြီး  ၈၈၇၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုများဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများသည် မြန်နှုန်းမြင့်မောင်းနှင်မှုနှင့် အရက်သေစာသောက်စားမောင်းနှင်မှုတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

လာမည့်နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုများ လျှော့ချရန် ရည်ရွယ်သည့် စည်းမျဉ်းများကို တာဝန်ရှိသူများကထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များက ပွဲတော်များအတွင်း မတော်တဆမှုဖြစ်ပွားမှုများကို ကာကွယ်ရန်အတွက် အဓိကလမ်းမကြီးများနှင့် အန္တရာယ်များသောနေရာများတွင် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယာဉ်မောင်းများ အရက်သေစာသောက်စားမောင်းနှင်ခြင်းကို ရှောင်ကြဉ်ရန်၊ မောင်းနှင်နေစဉ် မိုဘိုင်းဖုန်းအသုံးပြုခြင်းကို ရှောင်ကြဉ်ရန်နှင့် ယာဉ်စည်းကမ်းများကို တိတိကျကျလိုက်နာရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.