သီရိလင်္ကာနိုင်ငံ၌ ဒစ်ဝါမုန်တိုင်းတိုက်ခတ်မှုအပြီး ခရီးသွားလုပ်ငန်းပြန်လည်ထူထောင်ရေးအစီအမံများစတင်မည်



ဒီဇင်ဘာ ၁၅

သီရိလင်္ကာနိုင်ငံတွင် အာဏာပိုင်များက ခရီးသွားနေရာအများစု ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းရာသီ နီးကပ်လာသည်နှင့်အမျှ ဒစ်ဝါမုန်တိုင်းဒဏ်ခံခဲ့ရသော ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းရန် ပြန်လည်ထူထောင်ရေး အစီအမံများစွာ စတင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သတင်းထောက်များအား မြေပြိုမှုများနှင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ယာယီပိတ်ထားခဲ့သော ရုက္ခဗေဒဥယျာဉ်များကို မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေသများရှိ မြေပြိုမှုအန္တရာယ်များကို ဖြေရှင်းရေး အစီအမံများ အကောင်အထည်ဖော်ရန် ၎င်းက သက်ဆိုင်ရာအာဏာပိုင်များအား ညွှန်ကြားခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၈ ရက်အစောပိုင်းတွင် သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌက ဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့်တင်ရန်နှင့် ဆောင်းရာသီခရီးသွားလုပ်ငန်းရာသီကို ပံ့ပိုးရန် ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် နိုင်ငံပေါင်း ၄၀ မှ ခရီးသွားများအတွက် ကြာမြင့်နှောင့်နှေးနေသော ဗီဇာကင်းလွတ်ခွင့် အထောက်အပံ့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အသက်ဝင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်အတွင်း ခရီးသွား ၇၀၀၀၀ ဝင်ရောက်ခဲ့သည်ဟု တရားဝင်နောက်ဆုံးထုတ်ပြန်သောအချက်အလက်တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.