ပါကစ္စတန်အကျဉ်းထောင်များမှ လွတ်မြောက်လာသူ အာဖဂန်အကျဉ်းသား ၁၆၇ ဦး နေရပ်သို့ ပြန်လည်ရောက်ရှိ



ဒီဇင်ဘာ ၁၈

လွန်ခဲ့သောသီတင်းပတ်အတွင်း ပါကစ္စတန်အကျဉ်းထောင်များမှ အာဖဂန်အကျဉ်းသား ၁၆၇ ဦး လွတ်မြောက်လာခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိလာကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာသည်။

၎င်းတို့သည် နိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးတွင် တရားစွဲဆိုခံရပြီး တစ်ရက်မှ နှစ်လအထိ ပြစ်ဒဏ်ချမှတ်ခံရ၍ ပြန်လည်လွတ်မြောက်လာသူများဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 ကန်ဒါဟာပြည်နယ်တောင်ပိုင်း  စပင်ဘော်ဒတ် နယ်စပ်ဖြတ်ကျော်နေရာမှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လာခဲ့ကြောင်းနှင့် ၎င်းတို့ ရောက်ရှိချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်းရရှိခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအကူအညီအဖြစ် မိမိတို့ပြည်နယ်ရှိ နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောလအနည်းငယ်ကထုတ်ပြန်ခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၏စာရင်းဇယားများအရ အာဖဂန်နိုင်ငံသား ၁၀၀၀၀ ကျော်သည် ပြည်ပတွင် အဓိကအားဖြင့် အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း ဖော်ပြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.