ယုဇနလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပ

 


ဘားအံ ဒီဇင်ဘာ ၃

 

ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ ယုဇနလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ထုံးအိုင်စံပြ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

ဦးစွာ အသင်းဥက္ကဋ္ဌ ဦးမင်းမြတ်စိုးက သဘာပတိအဖြစ် ဆောင်ရွက်၍ အမှာစကား ပြောကြားပြီး ဘားအံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အသင်းများ ဆက်လက် ရှင်သန်ဖွံ့ဖြိုးစေမည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းစာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူခဲ့ပြီး တက်ရောက်လာသော အသင်းသားများအား အစုပေါ်အမြတ်ငွေများ၊ စုဆောင်းငွေပေါ်အတိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.