တိုက်ကြီးမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
တိုက်ကြီး ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲကို
ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ပညာရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုက်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး နေအောင်လွင်က အမှာစကားပြောကြားပြီး ကတိုင်စိန်ရဲစခန်းမှ စခန်းမှူး
ရဲအုပ်မြင့်စိုးက အကြမ်းဖက်မှုအမျိုးအစားများနှင့် အိမ်တွင်းအကြမ်းဖက်မှုကြောင့် ကျခံရမည့်
ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ တိုက်ကြီးခရိုင် ဥပဒေအရာရှိ ဒေါ်လင်းလင်းလတ်က အမျိုးသမီးများ
အကြမ်းဖက်ခြင်းမှ ကာကွယ်ရေး ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ မုဒိန်းမှုကျူးလွန်ပါက ကျခံရမည့်
ပြစ်မှု၊ ပြစ်ဒဏ်များနှင့် မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများကိုလည်းကောင်း
အသိပညာပေးဟောပြောသည်။
ထို့နောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments