တောင်ကိုရီးယားနိုင်ငံ၌ အပူဓာတ်အားပေးစက်ရုံ မီးလောင်မှုကြောင့် အလုပ်သမားနှစ်ဦးဒဏ်ရာရရှိ
ဒီဇင်ဘာ ၉
တောင်ကိုရီးယားနိုင်ငံတွင်
အပူဓာတ်အားပေးစက်ရုံ မီးလောင်မှုကြောင့် အလုပ်သမားနှစ်ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယွန်ဟပ်သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။
ဆိုးလ်မြို့တော်၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာ တေအန်မြို့ရှိ အပူဓာတ်အားပေးစက်ရုံ၏
နောက်ဘက်တံခါးအနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ
၂ နာရီ ၄၃ မိနစ်က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မီးသတ်အာဏာပိုင်များထံ
သတင်းပို့ခဲ့ကြောင်း ဖော်ပြထားသည်။
မီးသတ်သမားများမီးငြှိမ်းသတ်ရန်
သွားရောက်ခဲ့ကြောင်း၊ အပူဓာတ်အားပေးစက်ရုံအဆောက်အအုံ၏ ပထမထပ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခု
ဖြစ်ပွားခဲ့သည်ဟု ယူဆရကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်စရာမရှိသော မီးလောင်ဒဏ်ရာများ
ရရှိသည့်အလုပ်သမားနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
အလုပ်သမားများ ဘေးလွတ်ရာသို့
ရွှေ့ပြောင်းနေစဉ် အခင်းဖြစ်ပွားရာနေရာတွင် နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူများ ရှိမရှိ
မီးသတ်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့များက စစ်ဆေးလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ

No comments