ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံနှင့် အီးယူသို့ တင်ပို့မှု ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၁ ဘီလီယံ ရရှိ
ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ဥရောပသမဂ္ဂ (EU) သို့ ထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၁ ဘီလီယံ ရရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် ၎င်း၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့ပြီး ယခင်နှစ်က တင်ပို့မှုထက် ၈ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း အီးယူ ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့ပြီး ယခင်နှစ်က တင်ပို့မှုထက် ၁၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
အာဆီယံနှင့် အီယူသို့ တင်ပို့သော အဓိကထုတ်ကုန်များမှာ အဝတ်အစား၊ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားပစ္စည်းများ၊ အိတ်၊ စက်ဘီး၊ ကားတာယာနှင့် အီလက်ထရွန်းနစ်ပစ္စည်းများအပြင် ဆန်၊ သီဟိုဠ်စေ့၊ ကန်စွန်းဥနှင့် ရော်ဘာရာဘာအစေးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments