ဓနုဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
ဓနုဖြူ ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်
မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို
ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ဓနုဖြူမြို့ မြို့မဈေးကြီး မီးဘေးအန္တရာယ်
ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ စည်ပင်သာယာရေးအဖွဲ့မှ
အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊
စျေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးကြသည်။
ထို့နောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုများအား
ဈေးရုံအတွင်းလှည့်လည် စစ်ဆေးကြည့်ရှုကာ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနောင်နောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက
မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်း ပြောကြားခြင်း၊
ဆီ မီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက်
လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)

No comments