တရုတ်နိုင်ငံတောင်ပိုင်း၌ လူနေလေးထပ်အဆောက်အအုံမီးလောင်မှုကြောင်း ရှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
ဒီဇင်ဘာ ၁၀
တရုတ်နိုင်ငံတောင်ပိုင်း
ဂွမ်ဒေါင်းပြည်နယ် ရှန်တုံမြို့တွင် လူနေလေးထပ်အဆောက်အအုံမီးလောင်မှုတွင် လူ ရှစ်ဦးသေဆုံးခဲ့ကြောင်း
ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုသည် ရှန်တုံမြို့
ချောင်နန်ခရိုင်တွင် ည ၉ နာရီ ၂၁ မိနစ်က စတင်လောင်ကျွမ်းခဲ့ပြီး ည ၁၀ နာရီခန့်တွင်
မီးငြိမ်းသွားခဲ့သည်ဟု ခရိုင်မီးသတ်ဌာနက ယနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
ထိုမီးလောင်မှုကြောင့် လူ
ရှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံအသီးသီးသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်ဟု
သိရသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ
အဆောက်အအုံသည် လေးထပ်တိုက်ဖြစ်ပြီး စတုရန်းမီတာ ၁၅၀ ခန့် မီးလောင်ကျွမ်းခဲ့ကြောင်း
ဖော်ပြထားသည်။
မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းကိုသိရှိရန်
စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments