တရုတ်နိုင်ငံတစ်ဝန်း အအေးလှိုင်းဖြန့်ကြက်လွှမ်းခြုံ၊ မလိုအပ်ဘဲ အပြင်မထွက်ရန် တိုက်တွန်းထား



 ပေကျင်း   ဒီဇင်ဘာ  

ပြင်းထန်သည့် အအေးလှိုင်းသည်  တရုတ်နိုင်ငံတစ်ဝန်း ဆက်လက်ဖြန့်ကြက်   လွှမ်းခြုံထားသဖြင့် ဒီဇင်ဘာ ၂ ရက်တွင်  အအေးလှိုင်းနှင့်  လေပြင်းတိုက်ခတ်မှုများအတွက် အပြာရောင်သတိပေး ချက်ဆိုင်ရာ   နောက်ဆုံးပြင်ဆင်ဖော်ပြချက်ကို တရုတ်မိုးလေဝသအာဏာပိုင်များက ဖော်ပြခဲ့သည်။

အအေးလှိုင်းသည် နိုင်ငံမြောက်ပိုင်းဒေသများကို  လွှမ်းခြုံလျက်ရှိပြီး  တောင်ဘက်အထိ ဆက်လက် လွှမ်းခြုံဖြန့်ကြက်နိုင်သည်ဟု အမျိုးသားမိုးလေဝသဌာန မိုးလေဝသခန့်မှန်းရေး အရာရှိချုပ် ယန်ရှုနန်က ပြောသည်။

မွန်ဂိုလီးယားအတွင်းပိုင်းကဲ့သို့သော အ‌ရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် သိသာသည့်   အပူချိန်လျော့နည်းမှုများဖြစ်ပွားကာ     ဒီဂရီမှ  ၁၀  ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး   အချို့ဒေသများတွင်  အပူချိန်  ၁၂   ဒီဂရီ ဆဲလ်စီးယပ်စ်မှ  ၁၄  ဒီဂရီဆဲလ်စီး ယပ်စ်အထိ ရုတ်တရက်ကျဆင်းခဲ့သည်ဟု ယန်က ပြောသည်။

အအေးလှိုင်းသည် နိုင်ငံအရှေ့ပိုင်းနှင့်  တောင်ပိုင်းသို့  ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ရွေ့လျား သွားမည်ဖြစ်ပြီး ယင်းဒေသများတွင်   အပူချိန်ကျဆင်းမှုများဖြစ်ပေါ်နိုင်သည်။

အအေးလှိုင်းသည်  ဒီဇင်ဘာ ၄ ရက်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ဒေသခံပြည်သူများကို နွေးနွေးထွေးထွေးနေထိုင်ကြရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် အကြံပြု ထားသည်။

တရုတ်နိုင်ငံတွင် မိုးလေဝသဆိုင်ရာ    သတိပေးချက်စနစ်ကို အရောင်ဖြင့် ခွဲခြားသတ်မှတ်ထား သော   အဆင့်လေးဆင့်ရှိပြီး အနီရောင်အဆင့်မှာ  အပြင်းထန်ဆုံးဖြစ်သည်။  ထို့နောက်  လိမ္မော် ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ဖြစ်သည်။                     

ဆင်ဟွာ

No comments

Powered by Blogger.