မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်း
မော်လမြိုင် ဒီဇင်ဘာ ၂၃
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
(YMBA)သည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌
စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းပေးကြသည့်
ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဝင်များအား ဆရာဝန်ကြီးများ၊ သူနာပြုများ၊
ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့်
လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးနေမှုနှင့် စုပေါင်းသွေးလှူဒါန်းနေမှုတို့ကို
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများအား အားဆေးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ
ပေးအပ်ကြပြီး ဆေးရုံအုပ်ကြီးက မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အား ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသူများအား
ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments