တရုတ်နိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် ဉာဏ်ရည်တု AI ကုမ္ပဏီ ၆၀၀၀ ကျော်ရှိလာ
ဇန်နဝါရီ၂၃
တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်က ဉာဏ်ရည်တု (AI) လုပ်ငန်းပေါင်း ၆၀၀၀ ကျော်ရှိခဲ့ပြီး နိုင်ငံ၏ အဓိက AI လုပ်ငန်းပမာဏကို ၂၀၂၅ ခုနှစ်တွင် ယွမ် ၁ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၃၉ ဘီလီယံခန့်) ကျော်လွန်ရန် မျှော်လင့်ထားကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ပြည်တွင်းကုမ္ပဏီများသည် AI ချစ်ပ်ထုတ်ကုန်များစွာ ထုတ်လုပ်ခဲ့ရာ နိုင်ငံ၏ ဉာဏ်ရည်ထက်မြက်သော ကွန်ပျူတာစွမ်းအားသည် ပြီးခဲ့သည့်နှစ်က EFLOPS ၁၅၉၀ အထိ ရောက်ရှိခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Zhang Yunming က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments