မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

 


မော်လမြိုင် ဇန်နဝါရီ ၈

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က သင်တန်းသားများအား ယခုသင်တန်းပြီးဆုံးသွားသည့်အခါ မိမိတို့သင်ကြားထားသည်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးပြု‌ကြရန် ပြောကြားသည်။

 

ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းသားများအား တူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ အား လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ဇန်နဝါရီ ၅ ရက်မှ ၃၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)

No comments

Powered by Blogger.