မွန်ဂိုးလီးယားနိုင်ငံ၌ ဇန်နဝါရီလအတွင်း လူ ၁၃ ဦး အေးခဲသေဆုံး



ဇန်နဝါရီ ၂၇

မွန်ဂိုးလီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကိုယ်အပူချိန်ကျဆင်းမှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိကြောင်း နိုင်ငံ၏ အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ (NPA) က ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါသေဆုံးများ၏ထက်ဝက်ခန့်သည် အရက်သေစာသောက်သုံးထားသည်ဟု ထိုအေဂျင်စီက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပြင်းထန်သောရာသီဉတုအအေးဒဏ်ကြောင့် ကိုယ်အပူချိန်ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းသည် အရက်သေစာသောက်သုံးခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဇန်နဝါရီလလယ်မှစ၍ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားတို့မှ စတင်သော အအေးဓာတ်သည် မွန်ဂိုးလီးယားနိုင်ငံ၏ ဒေသများစွာကို ဖြတ်သန်းတိုက်ခတ်ကာ အေးခဲမှုများ ဖြစ်ပေါ်ပြီး အပူချိန်ကျဆင်းစေခဲ့သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နိုင်ငံမြောက်ပိုင်း Selenge ပြည်နယ်၏ အုပ်ချုပ်ရေးဌာနခွဲတစ်ခုဖြစ်သော Eruu soum တွင် ညအပူချိန်များသည် အနုတ် ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ကြောင်း နိုင်ငံ၏ ရာသီဥတုစောင့်ကြည့်ရေးအေဂျင်စီက ပြောကြားခဲ့သည်။ ပြင်းထန်ပြီး အေးခဲသော ဆောင်းရာသီသည် အတော်လေးကြာရှည်ပြီး အပူချိန်သည် အနုတ် ၂၅ ဒီဂရီစင်တီဂရိတ်နှင့် အနုတ် ၄၅ ဒီဂရီစင်တီဂရိတ်အကြား ရှိနိုင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.