ဂျပန်နိုင်ငံ မြောက်ပိုင်းမှအနောက်ပိုင်းဒေသများ၊ ပင်လယ်ဘက်ခြမ်းတို့တွင် နှင်းမုန်တိုင်းများတိုက်ခတ်



ဇန်နဝါရီ ၁၂

 ဂျပန်နိုင်ငံမြောက်ပိုင်းမှ အနောက်ပိုင်းဒေသများ၊ အဓိကအားဖြင့် ဂျပန်ပင်လယ်ဘက်ခြမ်းတွင် နှင်းမုန်တိုင်းများတိုက်ခတ်မှုသည် ယနေ့နံနက်ပိုင်းအထိ အမြင့်ဆုံးဖြစ်မည်ဟု မိုးလေဝသတာဝန်ရှိသူများက သတိပေးပြောကြားထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီက နှင်းများနှင့် လေပြင်းများ ထူထပ်စွာတိုက်ခတ်လာသည်ဟု ဆိုသည်။

အီဇူကျွန်းစုများအနက် တစ်ခုဖြစ်သည့် မီယာကီဂျီမာတွင် ယမန်နေ့ ညနေ ၆ နာရီမှ သုံးနာရီကြာကာလအတွင်း အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ ဒသမ ၂ ကီလိုမီတာနှုန်း၊ တော့တိုရီလေဆိပ်တွင် ထိုကာလအတွင်း လေတိုက်နှုန်း ၉၈ ဒသမ ၂၈ ကီလိုမီတာရှိပြီး ကာနာဇာဝါမြို့တွင် ၈၈ ဒသမ ၉၂ ကီလိုမီတာနှုန်းဖြင့် စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

နှင်းမုန်တိုင်းများ တိုက်ခတ်နေသည့် တိုဟိုကုရီကူဒေသများတွင် အဓိကအားဖြင့် ပိုမိုပြင်းထန်ပြီး အချို့ဒေသများတွင် တစ်ချိန်တည်းတွင် နှင်းထုကျဆင်းမှု စင်တီမီတာ ၁၀ မှ ၂၀ အထိ ရှိသည်ဟု သိရသည်။

နီဂါတာစီရင်စု၊ ယူအိုနူးမာမြို့တွင် ညနေ ၆ နာရီအထိ နှင်းထု ၁ ဒသမ ၂၉ မီတာအထိ၊ ဖူကူရှီးမားစီရင်စုရှိ တာဒါမီမြို့တွင် ၉၅ စင်တီမီတာ၊ ဟော့ကိုင်းဒိုးရှိ အိုတာရုမြို့တွင် ၅၆ စင်တီမီတာနှင့် ယာမာဂါတာစီရင်စုရှိ ယိုနီဇာဝါမြို့တွင် ၃၃ စင်တီမီတာ စုပုံလာခဲ့သည်။

တောင်တန်းဒေသများတွင် ယနေ့ညနေပိုင်းအထိ ၂၄ နာရီကြာကာလအတွင်း နှင်းကျဆင်းမှုများသည် တိုဟိုကုဒေသတွင် ၈၀ စင်တီမီတာ၊ နီအီဂါတာနှင့် ဂီဖူစီရင်စုများတွင် ၇၀ စင်တီမီတာ၊ မြောက်ပိုင်းကန်တိုနှင့် ဟိုကူရီကုဒေသတွင် ၆၀ စင်တီမီတာ၊ ဟော့ကိုင်းဒိုး၊ ကင်ကီဒေသနှင့် နာဂါနိုစီရင်စုတွင် ၅၀ စင်တီမီတာနှင့် ချူဂိုကုဒေသတွင် ၃၀ စင်တီမီတာအထိ ရှိနိုင်သည်ဟု မျှော်လင့်ရသည်။

လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဟု ယူဆရပြီး အိဇူးကျွန်းစုများတွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ ဟော့ကိုင်းဒိုးနှင့် ဟိုကူရီကု၊ ကန်တို၊ ကင်ကီနှင့် ချူဂိုကုဒေသများတွင် ၈၂ ဒသမ ၈ ကီလိုမီတာနှင့် တိုဟိုကုဒေသနှင့် နီအီဂါတာစီရင်စုတွင် ၇၂ ကီလိုမီတာအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

မိုးလေဝသအေဂျင်စီသည် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၈ မှ ၁၂၆ ကီလိုမီတာအကြား ရှိနိုင်ကြောင်း၊ လှိုင်းကြီးများနှင့် ပင်လယ်ပြင်ကြမ်းပြင်များတွင်လည်း ဆက်လက်ဖြစ်ပွားနေမည်ဟု ယူဆရသည်။

မိုးလေဝသအရာရှိများက နှင်းထူထပ်ခြင်း၊ နှင်းမုန်တိုင်းများ၊ နှင်းခဲများနှင့် သယ်ယူပို့ဆောင်ရေးစနစ်များအပေါ် ၎င်းတို့၏သက်ရောက်မှု၊ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းကြီးများကို သတိပေးပြောကြားလျက်ရှိသည်။

အိမ်ခေါင်မိုးများမှ နှင်းများကျဆင်းခြင်း၊ နှင်းကျဆင်းမှုကြောင့်ဖြစ်ပေါ်သော လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် နှင်းထုပြိုကျခြင်းတို့ကို သတိထားကြရန်လည်း တိုက်တွန်းထားသည့်အပြင် မိုးလေဝသအခြေအနေများ အလွန်မတည်ငြိမ်မှုတို့ကြောင့် မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်းများအပါအဝင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.