ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒီဇင်ဘာလအတွက် မီတာဖတ်ရှုနေမှုများနှင့် ဓာတ်အားဖြန့်ဖြူးထားမှုများ ကွင်းဆင်းကြပ်မတ်စစ်ဆေး
ရန်ကုန် ဇန်နဝါရီ ၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်
လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများသည်
ဇန်နဝါရီ ၆ ရက်က မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့်
ထောက်ကြန့်မြို့တို့၌ ဒီဇင်ဘာလအတွက် မီတာဖတ်ရှုနေမှုများနှင့် ဓာတ်အားခွဲရုံများအလိုက်
ဓာတ်အားဖြန့်ဖြူးထားမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်
လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိစဉ် ဓာတ်အားခ ကြွေးကျန်များ၊ ဓာတ်အားပျောက်ဆုံးမှုများ၊
ထရန်စဖော်မာအလိုက် လယ်ဂျာစာရင်း ပြုစုထားမှုများနှင့် မီတာဖတ်ရှုထားမှုများကို ကြည့်ရှုစစ်ဆေးပြီး
ထရန်စဖော်မာမီတာ ဖတ်ရှုနေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် စမ်းချောင်းမြို့နယ် ၃၃/၆.၆
ကေဗွီ ဟံသာဝတီ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားဖြန့်ဖြူးထားမှုများ၊ ဖီဒါ အလိုက်မီတာဖတ်
မှတ်တမ်းကတ် ဖြည့်သွင်းထားမှုများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး၊ ဓာတ်အားခွဲရုံသန့်
ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ရွှေပြည်သာ မြို့နယ်ရှိ အမှတ်(၄)လမ်းမကို
ရှစ်လမ်းသွား လမ်းမကြီးအဖြစ် လမ်းတိုးချဲ့ရာတွင် မလွတ်ကင်းသော ၆၆ ကေဗွီ ဓာတ်အားလိုင်းများ
ရွှေ့ပြောင်းတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ထောက်ကြန့်မြို့ ၂၃၀ ကေဗွီ
လှော်ကားပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ၁၅၀ အမ်ဗွီအေထရန်စဖော်မာ တပ်ဆင်ခြင်း
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊
လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)

No comments